09263215643 No.162, 4th Floor (R), Bogyoke Aung San Rd, Pazundaung Tsp. Mon - Fri , 9:00 AM - 5:00 PM
BREAKING NEWS
MM

MYNFREL အကြောင်း

MYNFRELအဖွဲ့အစည်းသည်အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများသေချာစေမှုကို အားဖြည့်ပေးကာ ဒီမိုကရေစီကျကျ ကိုယ်စားပြုမှု ဖြစ်လာပေါ်လာစေရန် ဆောင်ရွက်ခြင်း နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် ပညာဗဟုသုတ ပြည့်ဝသော နိုင်ငံသားများပါဝင်ဆောင်ရွက်မှုကိုအားပေးခြင်းဖြင့် ၊ မြန်မာ့လူအဖွဲ့အစည်းတွင် ဒီမိုကရေစီ ထွန်းကားစေလိုသည့် မျှော်မှန်းချက်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပါသည်။

လူထုလူတန်းစား ဘဝအလွှာအသီးသီး မှ နိုင်ငံသားများအမှန်တကယ် ကိုယ်စားပြုနိုင်မှသာလျှင် ဒီမိုကရေစီမှန်ကန်စွာ လည်ပတ်နိုင်လိမ့်မည်ဟု မိမိတို့မှ ယုံကြည်ပါသည်။ ရွေးကောက်ပွဲများလွတ်လပ်ပြီးတရားမျှတမှုဖြစ်စေရန် အရေးကြီးပြီး ၊ နိုင်ငံသားများ ၎င်းတို့၏ ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အဝရရှိခံစားစေနိုင်ရန်အတွက် နှင့် စစ်မှန်သည့် ဒီမိုကရေစီကျကျ ကိုယ်စားပြုမှု ဖြစ်ပေါ်စေနိုင်ရန်အတွက် နိုင်ငံသားများ၏ ပူပေါင်းပါဝင်ဆောင် ရွက်မှုသည် တက်ကြွ ၊ ပညာဗဟုသုတနှင့်ပြည့်စုံပြီးစနစ်တကျ စုစည်းချိတ်ဆက်မှု ဖြစ်ရန်လိုအပ်ပါသည်။

အထက်ပါ ယုံကြည်ချက်ကို စိတ်ထဲဆွဲကိုင်၍ ၊ ဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် ပံ့ပိုးကူညီပေးခြင်း ၊ ရွေးကောက်ပွဲလုပ်   ငန်းစဉ်များတွင် နိုင်ငံသားများ၏ ပါဝင် ဆောင်ရွက်မှု တိုးတက်လာစေရန်အတွက် ရွေးကောက်ပွဲများ နှင့် ဒီမိုကရေစီရပိုင်ခွင့်များဆိုင်ရာ အမြင်ဖွင့်ပေးခြင်း နှင့် ရွေးကောက်ပွဲတိုင်းကို စောင့်ကြည့်လေ့လာခြင်းကိုမိမိတို့မှ ဆောင်ရွက်ခဲပြီး ဆက်လက်ဆောက်ရွက်ရန် သံဓိဌာန်ချထားပါသည်။

ကျွနု်ပ်တို့အဖွဲ့အစည်းသည် စစ်အာဏာရှင်အုပ်ချုပ်ရေး နှစ် (၅၀) ကျော် ကာလအလွန် ၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်ဖော်ဆောင်သည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာရန်အတွက် အထူးအရေးပေါ် ကွန်ယက်အဖြစ် MYNFREL ကိုဇွန်လ (၁၀) ရက်နေ့တွင် ဖွ့ဲစည်းတည်ထောင်ခဲ့ပါသည်။ ဖွဲ့စည်းတည်ထောင်သူများမှာ မတူကွဲပြားသည့် အဖွ့ဲအစည်းနှင့် လူမှုရေးနောက်ခံ သမိုင်းကြောင်း မှ ဝင်ရောက်လာသူများဖြစ်ပြီး ၊ တိုင်းပြည်အတွင်းချောမွေ့သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသေချာစေရန်အတွက် အတူတကွ ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှုစတင်ကတည်းက ရွေးကောက် ပွဲများကို စောင့်ကြည့်လေ့လာသည့် ပထမဆုံး တစ်ခုတည်းသောစွန့်ဦးတည်ထောင်သည့် ကွန် ယက်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

အဖွဲ့အစည်းတည်ထောင်ခဲ့သည့် နေရက်မှစတင်၍ ၊ တူညီသည့် စံနှုန်းတန်ဖိုးများထားရှိသည့် ပြည်တွင်း၊ ပြည်ပမိတ်ဖက်များ နှင့် ရွေးကောက်ပွဲ နှင့်   ဆက်စပ်သည့် ကိစ္စရပ်များကို MYNFREL မှအတူတကွ ဆောင်ရွက်ခဲ့ပါသည်။

All right Reserved. Copyright by MYNFREL 2018 Designed By World Wide Myanmar